ဒေးဒရဲမြို့၌ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမှ သဘာဝမြေသြဇာပြုလုပ်ခြင်းသင်တန်းဖွင့်
ဒေးဒရဲ မေ ၄
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်၌ မွေးမြူရေးနှင့်
ကုသရေးဦးစီးဌာနက ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးလက်နေတောင်သူများ ခေတ်မီမွေးမြူရေးစနစ်များ
ဖွံ့ဖြိုးလာစေရန်နှင့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေသြဇာပြုလုပ်ခြင်းသင်တန်းကို
ယနေ့ နံနက် ၁၀ နာရီတွင် ကွမ်းခြံကုန်းကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး
ဒေါက်တာလှိုင်ဘုန်းမြင့်က ကျေးလက်နေတောင်သူများအား သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြင့်
စီးပွားဖြစ် မွေးမြူထုတ်လုပ်မှု မြှင့်တင်နိုင်ရေး၊ တိရစ္ဆာန်စွန့်ပစ် အညစ်အကြေးများမှ
တန်ဖိုးမြှင့်သဘာဝ မြေသြဇာထုတ်လုပ်၍ စိုက်ပျိုးမြေများတွင် ပြန်လည်အသုံးပြုနိုင်စေရေး
ဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။
အေဇာလင်း

No comments