တွံတေးမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး



တွံ​တေး မေ ၄

 

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို မေ ၃ ရက် နံနက်ပိုင်းက ရေတွင်းကုန်းကျေးရွာအုပ်စုရှိ မိဘပြည်သူများအား မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးသည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တွံတေးမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးပိုင်ဆက်ဟန် (မြို့နယ်ဦးစီးမှူး-ယာယီ) က အနီးကပ်ကြီးကြပ်၍ လဝကမှူး ဒေါ်အေးအေးခိုင်၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများပါဝင်သောအဖွဲ့က ကျေးရွာအတွင်းရှိ အသက် ၁၀ မှ ၁၈ နှစ်အထက် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မျိုးလှိုင်(တွံတေး)

No comments

Powered by Blogger.