မတ္တရာမြို့နယ်၌ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များတာဝန်ပေးအပ်ပွဲ ကျင်းပ
မတ္တရာ မေ ၁၄
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင်
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို
ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး
ကော်မတီအတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး ဦးဇော်လင်းသိန်းက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်
စီမံကိန်းရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ၂၀၂၆-၂၀၂၇
ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များကို
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံကိန်းရေးဆွဲ
အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာတာဝန်ရှိသူများထံ
ကဏ္ဍအလိုက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေရာသား

No comments