အောင်လံမြို့နယ်၌ နွေစပါးစိုက်ခင်းများ ကြည့်ရှုစစ်ဆေး

 


အောင်လံ မေ ၁၄

 

မကွေးတိုင်းဒေသကြီး အောင်လံမြို့၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် ရက်(၁၀၀)စီမံချက်ဖြင့် ယမန်နေ့က အောင်လံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး ကြသည်။

 

ထိုသို့ ကွင်းဆင်းရာတွင် နိုင်ငံတော်ထောက်ပံ့ငွေ (သက်တံ့ရောင်စီမံကိန်း)မှ ကျပ် ၇၀ ဒသမ ၉၄၈၅ သန်းနှင့် မျိုးစေ့၊ သွင်းအားစုများ ထောက်ပံ့ပေးအပ်ထားသည့် နံဇူပင်ကျေးရွာရှိ သမဝါယမအသင်းသားများ၏ နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)

No comments

Powered by Blogger.