စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး ဟုမ္မလင်းမြို့နယ်ရှိ နမ့်ပင အသေးစား ရေအားလျှပ်စစ် စီမံကိန်း လုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု



မုံရွာ မေ ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ဟုမ္မလင်းမြို့ရှိ အခြေခံပညာ ကျောင်းသားကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်နှင့် UID ကတ် ထုတ်ပေးနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများထံ နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်သည်။

 

ထို့နောက် ဟုမ္မလင်းမြို့နယ် နားသကျိုက်ကျေးရွာအနီးရှိ နမ့်ပငချောင်းပေါ်တွင် တည်ဆောက်လျက် ရှိသည့် “နမ့်ပင” အသေးစားရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ တည်ဆောက်ရေး တာဝန်ခံက လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေး၍ ဖိအားမြင့်သံမဏိပိုက်လိုင်း၊ ဓာတ်အားပေးစက်ရုံနှင့် ရေယူအဆောက်အအုံ တည်ဆောက်နေမှုနှင့် ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

အဆိုပါ နမ့်ပင အသေးစား ရေအားလျှပ်စစ်စီမံကိန်းသည် Concrete Gravity Dam အမျိုး အစားဖြစ်ပြီး တပ်ဆင်စက် အင်အားမှာ ၆ မဂ္ဂါဝပ်ဖြစ်ကာ နှစ်စဉ်လျှပ်စစ်ဓာတ်အား ၃၄ ဒသမ ၆၈ သန်း ကီလိုဝပ်နာရီ ပျမ်းမျှ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.