နောင်ချိုမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များ ဆောင်ရွက်ပေး

 


နောင်ချို မေ ၂၀

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များ ထုတ်ပေးခြင်းကို ယမန်နေ့က ကုန်းသာကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန(ယာယီ)ရုံး၌ ဆောင်ရွက်ပေးသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းအေးနှင့် ဝန်ထမ်းများက အသက် ၁၀ နှစ်နှင့်အထက် မှတ်ပုံတင်အသစ် ပြုလုပ်ပေးခြင်း၊ UID ကတ်များထုတ်ပေးခြင်း၊ အသက် ၁၈ နှစ်ပြည့်မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီးမှတ်ပုံတင်များအား အသစ်လဲလှယ်ပေးခြင်းများကို ဆောင်ရွက်ပေးကြသည်။

 

အဆိုပါဆောင်ရွက်ပေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူလင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များကို ကာယကံရှင်များထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.