မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးဆွေးနွေး
ရန်ကုန် မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန
တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တိုင်းမြေအသုံးချရေးတာဝန်ခံ၊ သန်လျင်ခရိုင် မြေ၊ မျိုး၊
ပိုး တာဝန်ခံများနှင့် ခရမ်းမြို့နယ်ဦးစီးမှူးတို့သည် ယမန်နေ့က ခမတ်ကျေးရွာ မိုးစပါးစိုက်တောင်သူများနှင့်
တွေ့ဆုံသည်။
ဆွေးနွေးပြောကြား
ယင်းသို့တွေ့ဆုံရာတွင် တိုင်းမြေအသုံးချရေးတာဝန်ခံက
စိုက်ပျိုးရေးဦးစီးဌာန၏ ရည်ရွယ်ချက်နှင့်မူဝါဒများ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆောင်ရွက်ရန် နည်းပညာများကို အဓိကထားဆွေးနွေးခဲ့သည်။ ဆက်လက်၍ ခရိုင်မြေအသုံးချရေးတာဝန်ခံက
သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းနည်းပညာများ၊ ခရိုင်မျိုးစေ့တာဝန်ခံက မျိုးကောင်း၊ မျိုးသန့်
မျိုးစေ့များ ထုတ်လုပ်ရေးနည်းပညာများ၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံက စပါးသီးနှံ ပိုးမွှားရောဂါ
ကာကွယ်နှိမ်နင်းခြင်း၊ ပိုးသတ်ဆေးစနစ်တကျသုံးစွဲခြင်းတို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် စူပါဘိုကာရှီ မြေဩဇာပြုလုပ်သုံးစွဲနည်းကို
တောင်သူများအား လက်တွေ့ပြသခဲ့ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)

No comments