ကျွန်းလှမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်း
ကျွန်းလှ မေ ၃
စစ်ကိုင်းတိုင်ဒေသကြီး ကျွန်းလှမြို့နယ်၌
ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက် (၁၀၀) စီမံချက်ဖြင့်
အကောင်အထည်ဖော်ဆောင်ရွက်မည့် ကြည့်ကုန်းကျေးရွာ နှင့် အင်းဂေါင်းကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
အဖွဲ့ဝင် (၁) နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး
ဒေါ်ခိုင်မာလာဝင်းနှင့် ဝန်ထမ်းများသည် မေ ၁ ရက်တွင် စီမံကိန်းအကောင်အထည်ဖော်မည့် ကျေးရွာများသို့
သွားရောက်ကာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီများဖွဲ့စည်းခြင်းတို့ကို
ဆောင်ရွက်ခဲ့သည်။
ထို့နောက် ကျေးရွာများမှ ကော်မတီဝင်များအား
AVIP သင်တန်းပို့ချခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချပေးသည်။
ကြည့်ကုန်းကျေးရွာ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်
ရက် (၁၀၀) စီမံချက်တွင် နိုင်ငံတော်ထောက်ပံ့ငွေကျပ် သိန်း ၁၅၀၊ ပြည်သူထည့်ဝင် ငွေ ၂၇
ဒသမ ၂ သိန်း (စုစုပေါင်း ၁၇၇ ဒသမ ၂) သိန်းဖြင့် ကျေးရွာတွင်း လမ်းခင်းခြင်းလုပ်ငန်းနှင့်
အင်းဂေါင်းကျေးရွာ၌ နိုင်ငံတော်ထောက်ပံ့ ငွေကျပ်သိန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေ ၄၃ ဒသမ
၉ သိန်း (စုစုပေါင်း ၁၉၃ ဒသမ ၉ သိန်း) ဖြင့် ကျေးရွာတွင်းလမ်းခင်းခြင်းလုပ်ငန်းတို့အား
အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးကျော်(ပုံတောင်မြေ)

No comments