သီပေါမြို့နယ် ကုန်းဆာကျေးရွာ၌ သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးမည်

 




သီပေါ မေ ၃


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကုန်းဆာကျေးရွာ၌ ဒေသခံပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာ ရရှိစေရန်အတွက် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဝင်းဆောင်က ပြောသည်။


ကွင်းဆင်းဆောင်ရွက်


ကုန်းဆာကျေးရွာ၌ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် အတွက် ယမန်နေ့နံနက်ပိုင်းတွင် သီပေါ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းဆောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက် ပြီး မြေအောက်ရေတိုင်းတာခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါကျေးရွာတွင် အိမ်ခြေ ၃၆ အိမ်၊ လူဦးရေ ၁၆၈ ဦးရှိပြီး ဒေသခံပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိစေရန်အတွက် စက်ရေတွင်း(တွင်းနက်) တူးဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မင်းမြင့်မိုရ်

No comments

Powered by Blogger.