မိတ္ထီလာမြို့နယ်၌ ဝါသီးနှံအထွက်နှုန်းတိုးတက်ရေး တောင်သူနည်းပညာပေး သင်တန်းဖွင့်လှစ်

 


မိတ္ထီလာ မေ ၁၇

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ဝါစိုက်တောင်သူများ ဝါသီးနှံအထွက်နှုန်းတိုးတက်ရေး တောင်သူနည်းပညာပေးသင်တန်းကို မေ ၁၅ ရက်က ကဖြူကျေးရွာအုပ်စု သပြေပင်ကျေးရွာ၌ ဖွင့်လှစ်သည်။

 

သင်တန်းတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မျိုးဝေက သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ပန်းတော်ဆက်စိုက်ပျိုးရေးခြံမှ ခြံတာဝန်ခံ ဦးစီးအရာရှိ ဒေါ်သန်းနွယ်ဌေးက ပြည်ပပို့ကုန်သီးနှံဖြစ်သော ဝါမျိုးများ စနစ်တကျစိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာအကြောင်းကို ရှင်းလင်းပြောကြားသည်။

 

တက်ရောက်

ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်သင်းမြတ်ခိုင်က သီးနှံများ ပိုးမွှားကာကွယ်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းကို သပြေပင်ကျေးရွာမှ ဝါစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)

No comments

Powered by Blogger.