အိန္ဒိယရေတပ်မှ စစ်ရေယာဉ်နှစ်စင်း ပြန်လည်ထွက်ခွာ

 




နေပြည်တော် မေ ၆


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် အိန္ဒိယရေတပ် မှ စစ်ရေယာဉ် INS Satpura (F-48) နှင့် INS Sunayna(P-57)တို့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားမှ ပြန်လည်ထွက်ခွာ ရာ တပ်မတော်(ရေ)မှ အရာရှိကြီး များ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ် စစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။


အဆိုပါ စစ်ရေယာဉ်များတွင် လိုက်ပါလာသည့် အရာရှိ၊ စစ်သည်များသည် မေ ၄ ရက်မှ ယနေ့အထိ ခရီးစဉ်ကာလအတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီး လည်ပတ်ခြင်းနှင့် နှစ်နိုင်ငံရေတပ် ချစ်ကြည်ရေး အားကစားပြိုင်ပွဲ ယှဉ်ပြိုင်ကစားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.