ကျေးရွာစိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းမြေနေရာအား ကွင်းဆင်းစစ်ဆေး
ကျောက်မဲ မေ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်
တောင်ဆေးလိတ်ကျေးရွာတွင် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို မေ
၄ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်းက
ကွင်းဆင်းစစ်ဆေးသည်။
ယင်းသို့ ကွင်းဆင်းရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
ကျောက်မဲခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို
ရှင်းလင်းတင်ပြကြသည်။
အဆိုပါ ကျေးရွာစိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းကို
ပြည်နယ်အစိုးရအရေးပေါ်ရန်ပုံငွေဖြင့် ဆောင်ရွက်သော Quick Win အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့်
တောင်ဆေးလိတ်ကျေးရွာ စိမ့်စမ်း (အမြင့်တင်) (၂/၀)မိုင်လုပ်ငန်းကို ရေပိုက်လိုင်းတူးဖော်ခြင်း၊
ရေပိုက်သွယ်တန်းခြင်း၊ ရေတားတမံတည်ဆောက်ခြင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ ရေကန်၊ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ
ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments