ဟော်မုဇ်ရေလက်ကြားတွင် ကုန်တင်သင်္ဘောတစ်စင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး သင်္ဘောသား ခုနစ်ဦး ဒဏ်ရာရရှိ
မနီလာ မေ ၈
ဟော်မုဇ်
ရေလက်ကြားတွင် ရောက်ရှိနေသော ဆန်အန်တိုနီယိုအမည်ရှိ ကုန်တင်သင်္ဘော
တစ်စင်းပေါ်ရှိ ဖိလစ်ပိုင်သင်္ဘောသား ခုနစ်ဦး ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး
ဒဏ်ရာရရှိခဲ့သည်ဟု ဖိလစ်ပိုင် ရွှေ့ပြောင်းအလုပ်သမားရေးရာဝန်ကြီးဌာနက ယမန်နေ့က
ပြောကြားခဲ့သည်။
ဒရုန်းက သင်္ဘောကို
ထိမှန်စဉ် သင်္ဘောအမှုထမ်းများ အပါအဝင် သင်္ဘောသားခုနစ်ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု
ဖိလစ်ပိုင် ရွှေ့ပြောင်းလုပ်သားရေးရာ ဝန်ကြီး ဟန်စ်လီယိုကက်ဒက်က ထုတ်ပြန်ချက်တွင်
ဖော်ပြခဲ့သည်။
ဒရုန်းဖြင့်
တိုက်ခိုက်ခံရမှုတွင် ဖိလစ်ပိုင်သင်္ဘောသားများ အသက်ရှင်ခဲ့သော်လည်း လတ်တလောတွင်မူ
ဆေးရုံတစ်ခု၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ သုံးဦးမှာ ပြင်းထန်ပြီး လေးဦးမှာ
မပြင်းထန်ကြောင်း ကက်ဒက်က ပြောသည်။
အရှေ့အလယ်ပိုင်း
အထူး သဖြင့် ဟော်မုဇ်ရေလက်ကြား တစ်ဝိုက်တွင် တင်းမာမှုများ မြင့်တက်နေချိန် ယခုဖြစ်စဉ်
ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဆင်ဟွာ
No comments