မက္ကဆီကိုနိုင်ငံ ဈေးဝယ်စင်တာ၌ မီးလောင်မှုဖြစ်ပွားသဖြင့် ငါးဦးထက်မနည်းသေဆုံး၊ ၃၀ ခန့် ဒဏ်ရာရရှိ



မက္ကဆီကိုစီးတီး မေ ၈

 

မက္ကဆီကိုနိုင်ငံ အနောက်မြောက်ပိုင်း ဈေးဝယ်စင်တာတစ်ခု၌ မီးလောင်မှုဖြစ်ပွားသဖြင့် ငါးဦးထက် မနည်း သေဆုံးခဲ့ပြီး ၃၀ ခန့်ဒဏ်ရာရရှိကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို ပြည်တွင်း မီဒီယာက ဖော်ပြထားသည်။

 

မက္ကဆီကိုနိုင်ငံ စီနာလိုအာပြည်နယ် လော့စ်မိုချက်စ်မြို့ရှိ ဈေးဝယ်စင်တာတစ်ခု၌ မေ ၇ ရက် မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိခိုက်သေဆုံးသူများ၏ မိသားစုဝင်များနှင့် ဆက်သွယ်သွားမည်ဖြစ်ကြောင်း စီနာလိုအာမြောက်ပိုင်း ဒေသဆိုင်ရာ လက်ထောက်အစိုးရရှေ့‌နေ ဂျက်စ်ဆတ် ဆာရာနိုက ဒေသတွင်းမီဒီယာများကို ပြောကြားသည်။

 

ဈေးဆိုင်တန်းအတွင်းရှိ စားသောက်ဆိုင်တစ်ခု၏ မီးဖိုချောင်အတွင်း စတင်မီးလောင်ခဲ့ခြင်း ဖြစ်ပြီး အဆောက်အအုံအတွင်း မီးလောင်လွယ်သည့် ပစ္စည်းများကြောင့် လျင်မြန်စွာမီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်း မီဒီယာက ထုတ်ပြန်ထားသည်။

 

မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူများကို အနီးနားရှိဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း စီနာလိုအာ ပြည်နယ်အစိုးရရှေ့နေရုံးက လူမှုကွန်ရက်မီဒီယာတွင် ပြောကြားသည်။ မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ဆင်ဟွာ

No comments

Powered by Blogger.