မြိတ်မြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြော

 


မြိတ် မေ ၂၆

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျောက်ဖျာကျေးရွာ အုပ်ချုပ်‌ရေးမှူးရုံး၌ ကျင်းပသည်။

 

ဦးစွာ မြိတ်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးခင်‌မောင်ဆန်းက “မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာ‌ပေး ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တောအုပ်ကြီး ဦးကျော်မြင့်ထွန်းက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

 

ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)

No comments

Powered by Blogger.