အင်းစိန်မြို့နယ်၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ ကျင်းပ
ရန်ကုန် မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန
ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၆) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး
အင်းစိန်မြို့နယ်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ
တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး
ခင်းကျင်းပြသထားသည့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ကြည့်ရှုအားပေး
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ၂၀၂၆-၂၀၂၇
ပညာသင်နှစ် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် အင်းစိန်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့်
မရမ်းကုန်းမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတို့၌ ကျောင်းသား ကျောင်းသူများ
ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေးသည်။
ဇွဲထက်ကို(ပြန်/ဆက်)

No comments