ရွှေပြည်သာမြို့နယ်၌ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်

 


ရန်ကုန် မေ ၁၄

 

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းအဖြစ် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွှေပြည်သာမြို့နယ် ပျိုမေ့အိမ်ရာ၌ ပြုလုပ်သည်။

 

ရှင်းလင်းပြောကြား

သင်တန်းဖွင့်ပွဲတွင် ရွှေပြည်သာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဌာန၏လုပ်ငန်းဆောင်ရွက်နေမှုများ၊ အသက်မွေးဝမ်းကျောင်း သင်တန်းဖွင့်လှစ်ပေးနေမှုများ၊ စားသောက်ကုန်လူသုံးကုန်လုပ်ငန်းများအား ဓာတ်ခွဲစမ်းသပ်ပြီး ဈေးကွက်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြန့်ဖြူးရောင်းချနိုင်စေရန် လုပ်ငန်းမှတ်ပုံတင်ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါသင်တန်းတွင် သင်တန်းသား သင်တန်းသူ ၁၅ ဦးအား ကိတ်မုန့်အမျိုးမျိုးပြုလုပ်နည်းများကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ မေ ၁၄ ရက်မှ ၂၀ ရက်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)

No comments

Powered by Blogger.