ကျောက်မဲမြို့၌ နှစ်(၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

 


ကျောက်မဲ မေ ၃

 

နှစ်(၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၌ ယမန်နေ့နံနက်ပိုင်းတွင် ဆိုင်းဘုတ်တင်ပွဲနှင့် စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှု ကျင်းပသည်။

 

ဦးစွာ ခရိုင်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် နှစ်(၈၀) ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုဆိုင်းဘုတ်ကို စိုက်ထူဖွင့်လှစ်ပြီး ကျောက်မဲမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်နေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.