မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ကရင်ပြည်နယ်) အသင်းသားစုံညီ နှစ်ပတ်လည်အစည်းအဝေး ကျင်းပ
ဘားအံ မေ ၁၀
နိုင်ငံတော်၏ တည်ဆဲဥပဒေများ၊ အခါအားလျော်စွာထုတ်ပြန်သည့် အမိန့်နှင့်ညွှန်ကြားစာများကို လေးစားလိုက်နာပြီး ကျင့်ဝတ်နှင့်အညီ ဝန်ဆောင်မှုပေးနိုင်ရေး၊ အိမ်ခြံမြေကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် အသင်းသားများ အရည်အသွေး မြင့်မား၍ အများပြည်သူအား ယုံကြည်စိတ်ချရသည့် ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ကရင်ပြည်နယ်) ၏ အသင်းသား စုံညီနှစ်ပတ်လည် အစည်းအဝေးနှင့် ၂၀၂၆-၂၀၂၉ ခုနှစ် သက်တမ်းကာလအတွက် အလုပ်အမှုဆောင်၊ အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့ Hotel Perfect Hpa-an ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (ဗဟို)ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ ကရင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၊ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ကရင်ပြည်နယ်) ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးဇော်ဌေးတို့က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း (ကရင်ပြည်နယ်)ဥက္ကဋ္ဌက ကျေးဇူးတင် စကားပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ဝန်ဆောင်မှုအသင်း (ကရင်ပြည်နယ်) ၏ ၂၀၂၆-၂၀၂၉ သက်တမ်းကာလအတွက် အလုပ်အမှုဆောင်၊ အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments