ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 



နေပြည်တော် မေ ၁၄


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Iskander Azizov အား ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် အာဆီယံ-ရုရှားဆက်ဆံရေး (၃၅) နှစ်ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး ကျင်းပရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုဆိုင်ရာ ကိစ္စရပ်များနှင့် အာဆီယံ - ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။


အမြင်ချင်းဖလှယ် ဆွေးနွေး


ထို့ပြင် မြန်မာနှင့်ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲကာလရှည်ကြာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များကိုလည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


သတင်းစဉ်

No comments

Powered by Blogger.