ထိုင်းနိုင်ငံ၌ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံတို့မှ ခရီးသွားများအား အီဘိုလာ ရောဂါစောင့်ကြည့်စစ်ဆေးမှု ဆောင်ရွက်မည်



ဗန်ကောက်     မေ     ၂၆

ထိုင်းနိုင်ငံသည် နိုင်ငံအတွင်းရောက်ရှိလာသည့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံ တို့မှ ခရီးသွားများအား ၂၁ ရက်ကြာ အီဘိုလာရောဂါစောင့်ကြည့်စစ်ဆေးမှု ဆောင်ရွက်မည်ဖြစ် ကြောင်း ထိုင်းနိုင်ငံ  ကျန်းမာရေးဝန်ကြီးဌာနက မေ ၂၆ ရက်တွင် ပြောကြားသည်။

ယခုဆောင်ရွက်သည့်အစီအစဉ်အရ ယင်းနှစ်နိုင်ငံမှ ခရီးသွားများနှင့်   ခရီးခေတ္တရပ်နားရာနေရာ အဖြစ်   ဝင်ရောက်လာသူများအနက်  ရောဂါလက္ခဏာမပြသသူများအား သတ်မှတ်နေရာများတွင် ၂၁ ရက်ကြာ အီဘိုလာရောဂါ စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်မည်ဖြစ်သည်။ ရောဂါ လက္ခဏာပြသသူများအား ဆေးရုံများတွင် ၂၁ ရက်ကြာထားရှိပြီး ရောဂါစောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန်   ဆွမ်ရွတ်  ဂျွန်ဆမန်က ပြောကြားသည်။

လက်ရှိအချိန်တွင် အီဘိုလာရောဂါကူးစက်သည့်ဒေသများမှ ရောက်ရှိလာသူများအား သုဝဏ္ဏဘူမိ လေဆိပ်မှသာ ဝင်ရောက်ခွင့်ပြုပြီး နိုင်ငံအတွင်းရောက်ရှိလာသည့် ၇၂ နာရီကာလအတွင်း     ရောဂါ စောင့်ကြည့်စစ်ဆေးသည့် ကုန်ကျစရိတ်ကို ထိုင်းတာဝန်ရှိသူများက ပေးမည်ဖြစ်သည်။       

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.