ညောင်တုန်းမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်

 


ညောင်တုန်း မေ ၂၄

 

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်ရှိ စားသောက်ဆိုင် ခုနစ်ဆိုင်၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ညောင်တုန်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးမင်းသူ ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက စားသောက်ဆိုင်များအတွင်း လျှပ်စစ်ဝိုင်ယာကြိုးများ စနစ်တကျ သွယ်တန်းထားရှိမှု ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ လုံလောက်စွာထားရှိရေးနှင့် ရေလုံလောက်စွာထားရှိရေး၊ ဆိုင်ပတ်ဝန်းကျင်အမှိုက်များ ကင်းစင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးဟိန်းထက်

No comments

Powered by Blogger.