ကျောက်တန်းမြို့နယ်၌ မိုးစပါးမျိုးသန့် မျိုးပွားမျိုးစေ့၊ မျိုးစေ့ချကိရိယာ၊ ပိုက်ဆံလျှော်မျိုးစေ့၊ သဘာဝမြေဩဇာများ ပေးအပ်ပွဲကျင်းပ

 



ရန်ကုန် မေ    ၁၇


ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၌ မိုးစပါးမျိုးသန့် မျိုးပွားမျိုးစေ့၊ မျိုးစေ့ချကိရိယာ၊ ပိုက်ဆံလျှော်မျိုးစေ့၊ သဘာဝမြေဩဇာများ ပေးအပ်ပွဲနှင့် ၂၀၂၅ - ၂၀၂၆ ခုနှစ် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးသည့် (မှော်ဘီ - ၃) နွေစပါးစံကွက်ရိတ်သိမ်းပွဲကို မေ ၁၅ ရက် နံနက် ၈ နာရီတွင် ညောင်ဝိုင်းကျေးရွာအုပ်စု၌ ကျင်းပသည်။  


အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်က မိုးစပါးအတွက် စပါးမျိုးသန့်မျိုးပွားမျိုးစေ့ စိုက်ပျိုးမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ ကျောက်တန်းမြို့နယ်အတွင်းရှိ တောင်သူများအား မိုးစပါးအတွက် စပါးမျိုးသန့်မျိုးပွားမျိုးစေ့၊ မျိုးစေ့ချကိရိယာ၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် သဘာဝမြေဩဇာများကို  လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။


ထို့နောက် ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု တောင်သူ ဦးဆန်းလင်း၏ လယ်မြေတွင် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးသည့် (မှော်ဘီ - ၃)  နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ကြည့်ရှုအားပေးပြီး တစ်ဧကလျှင် အစို ၁၁၄ ဒသမ ၂ တင်း၊ အခြောက် ၁၁၂ ဒသမ ၂ တင်းထွက်ရှိကြောင်း သိရသည်။


သန့်ဇင်ထွန်း(ကျောက်တန်း)

No comments

Powered by Blogger.