MFF ယူ-၁၆ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂) ဆက်လက်ကျင်းပ
ရန်ကုန် မေ
၁၇
၂၀၂၆ MFF ယူ-၁၆ ဖူဆယ် လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂)ကို မေ
၁၇ ရက်က ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်းရှိ MFF ဖူဆယ်
အားကစားရုံ၌ ဆက်လက်ကျင်းပ သည်။
ပွဲစဉ်(၂)တွင် Mahar
Burma အသင်းက United City အသင်းကို ငါးဂိုး-တစ်ဂိုး၊ Avengers Junior အသင်းက ဘူရှီဒိုအသင်းကို ခြောက်ဂိုး-နှစ်ဂိုး၊ FFU မင်းမဟော်
အသင်းက မာရိန်းအသင်းကို ၁၀ ဂိုး-လေးဂိုး၊ TKA Star အသင်းက Victoria အသင်းကို သုံးဂိုး-နှစ်ဂိုး၊
SGF Youth အသင်းက ရွှေပြည်သာ ယူနိုက်တက်အသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရပြီး
Pacific Sun Far အသင်းနှင့် Jullniss အသင်းတို့ နှစ်ဂိုးစီသရေကျခဲ့သည်။ ပွဲစဉ် (၁)တွင်
အနိုင်ရထားသည့်အသင်းများအနက် SGF Youth အသင်းနှင့်
FFU မင်းမဟော်အသင်းတို့သာ နိုင်ပွဲဆက်ခဲ့ပြီး ကျန်အသင်းများ နိုင်ပွဲဆက် ပျောက်ဆုံးခဲ့သည်။
MFF ယူ-၁၆ ဖူဆယ်လိဂ်ပြိုင်ပွဲ
အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ကျင်းပလျက်ရှိသည်။
သတင်း - မောင်စံကြီး
ဓာတ်ပုံ - MFF

No comments