မော်လ်ဒိုက်နိုင်ငံက နိုင်ငံခြားသားများအတွက် ရေကြောင်းခြေရာခံစနစ်တစ်ခု မိတ်ဆက်သွားမည်




မာလီ   မေ   ၁၇

မော်လ်ဒိုက်နိုင်ငံသည် ၎င်း၏ ဒစ်ဂျစ်တယ်အသွင်ပြောင်းရေး အစီအစဉ်အရ နိုင်ငံအတွင်း ခရီးသွားလာနေသော နိုင်ငံခြားသားများအတွက် ရေကြောင်းခြေရာခံစနစ်တစ်ခု   မိတ်ဆက်သွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစနစ်သည် နိုင်ငံခြားသားများ နိုင်ငံအတွင်းမှ ရေလမ်းကြောင်းဖြင့် သွားလာမှုကို ခြေရာခံ လိုက်ရန်အတွက် အထောက်အကူဖြစ်စေကြောင်း ပြည်ထဲရေး၊  အလုပ်သမားနှင့် နည်းပညာဝန်ကြီး အလီ အီဟူဆန်က ပြောကြားခဲ့သည်။

ယင်းစနစ်အရ သင်္ဘောခရီးစဉ်များအတွင်း ခရီးသည်များ ပျောက်ဆုံးသွားခြင်းအပါအဝင် ရေကြောင်းအရေးပေါ်အခြေအနေများတွင် အာဏာပိုင်များအား ၎င်းစနစ်က ပိုမိုမြန်ဆန်စွာ တုံ့ပြန်နိုင်စေမည်ဟု ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံခြားလုပ်သားများကို စီမံခန့်ခွဲရန်နှင့် နိုင်ငံအတွင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုကို ကိုင်တွယ် ဖြေရှင်းရန် အစိုးရ၏ ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ကြောင်း ဝန်ကြီး က ပြောကြားခဲ့သည်။            

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ


No comments

Powered by Blogger.