အပူချိန်ဆိုင်ရာဘေးအန္တရာယ်များအတွက် ထိခိုက်မှုအခြေပြုခန့်မှန်းချက်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
နေပြည်တော် မေ ၁၄
ပို့ဆောင်ရေးဝန်ကြီးဌာန မိုးလေဝသနှင့်
ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ထိုင်းနိုင်ငံ အခြေစိုက် ဒေသတွင်းဘက်စုံ သဘာဝဘေး ကြိုတင်သတိပေးဗဟိုဌာန(Regional
Integrated Multi-Hazard Early Warning System - RIMES)တို့ ပူးပေါင်း၍ “အပူချိန်ဆိုင်ရာ
ဘေးအန္တရာယ်များအတွက် ထိခိုက်မှုအခြေပြု ခန့်မှန်းချက် (Impact-Based Forecasting
- IBF)ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ”ကို ယနေ့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
ဘက်စုံသဘာဝဘေး ကြိုတင်သတိပေး ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက အမှာစကား ပြောကြားသည်။
ဆွေးနွေးပွဲတွင် အပူချိန်အဆင့်အလိုက်
ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှုများ(Impact Thres-holds)နှင့် သက်ဆိုင်ရာကဏ္ဍများအနေဖြင့်
ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ(Action Triggers)၊ အပူချိန်ဆိုင်ရာ ဘေးအန္တရာယ်များကြောင့်
ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေး၊ စိုက်ပျိုးရေး၊
ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်နိုင်မှုများကို ကဏ္ဍအလိုက်
ဆွေးနွေးကြပြီး အချက်အလက်များကို အပြန်အလှန်မျှဝေ၍ ပေါင်းစပ်အသုံးပြုနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့သည်။
အခမ်းအနားသို့ အင်္ဂလန်နိုင်ငံ မိုးလေဝသဌာန(UK
Met Office) တို့မှ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက Virtual Online ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments