ပေါင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး အသိပညာပေး
ပေါင် မေ ၂၁
မွန်ပြည်နယ် ပေါင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊
ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို
ယမန်နေ့နံနက်ပိုင်းက အထက(ပေါင်) ရွှေရတုခန်းမ၌ ပြုလုပ်သည်။
ဆွေးနွေးဟောပြော
ဦးစွာ သထုံမြို့နယ်သစ်တောဦးစီးဌာနမှ
ဦးစီးအရာရှိ ဦးတင်ထွန်းက သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး
ခေါင်းစဉ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသံစဉ်မှူးက မီးခိုးမြူငွေ့ညစ်ညမ်းမှု
လျှော့ချရေးနှင့် ရာသီဥတု ပြောင်းလဲမှု ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးဟောပြောပြီး လက်ကမ်းစာစောင်များ
ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မွန်းမလေ(ပြန်/ဆက်)

No comments