ဥပဒေရေးရာဝန်ကြီးဌာန၏ စီမံကိန်းဆောင်ရွက်မည့်အစီအမံများ ရှင်းလင်းဆွေးနွေး

 



ပုသိမ် မေ ၂၄   


နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များမှ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသားတိုင်း ဥပဒေအကာအကွယ်ကို အညီအမျှရရှိရေးဆိုင်ရာများနှင့် ဥပဒေရေးရာဝန်ကြီးဌာန၏ စီမံကိန်းဆောင်ရွက်မည့် အစီအမံများအပေါ် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေအရာရှိများနှင့် ခရိုင်ဥပဒေအရာရှိများအား ရှင်းလင်းဆွေးနွေး မှာကြားခြင်း ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးဥပဒေချုပ်ရုံး၌  ပြုလုပ်ခဲ့သည်။


ဦးစွာ တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်လွင်က အမှာစကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားကာ လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်ခင်မေဝင်းက ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်းပြီး  လုပ်ငန်းဆိုင်ရာများ မှာကြားသည်။


ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၏ လမ်းညွှန်မှာကြားချက်များကို ခရိုင်ဥပဒေအရာရှိများက ထပ်ဆင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.