မန်ယူအသင်း လာမယ့်ဘောလုံးရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် သေချာသွားပြီဖြစ်



မန်ယူအသင်းဟာ ပရီမီယာလိဂ်ပွဲစဉ်(၃၅) အဖြစ် မေ ၃ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူး အသင်းနဲ့ ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန် သေချာသွားခဲ့ပြီဖြစ်ပါတယ်။

မန်ယူအသင်းနဲ့ လီဗာပူးအသင်းတို့ ပွဲစဉ်မှာ အိမ်ကွင်းအိုးထရက်ဖို့ဒ်၌ မန်ယူအသင်းအတွက် သွင်းဂိုး တွေကို ပထမပိုင်းပွဲကစားချိန် ၆ မိနစ်မှာ ကွန်ဟာက တစ်ဂိုး၊ ၁၄ မိနစ်မှာ ဆက်ကိုက တစ်ဂိုး၊ ၇၇ မိနစ်မှာ မိုင်နူးကတစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းအတွက် ချေပဂိုးတွေကိုတော့ ဒုတိယပိုင်းပွဲကစားချိန် ၄၇ မိနစ်မှာ ဇိုဘိုဆလိုင်းက တစ်ဂိုး၊ ၅၆ မိနစ်မှာ ဂတ်ပိုက တစ်ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ 

မန်ယူအသင်းဟာ လီဗာပူအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ် ၃၅ ယှဉ်ပြိုင် ကစားပြီးချိန်မှာ ရမှတ် ၆၄ မှတ်အထိစုဆောင်းနိုင်ခဲ့ကာ အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး လီဗာပူးအသင်းကတော့ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ် ၃၅ ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၅၈ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၄ နေရာ မှာ ရပ်တည်နေတာဖြစ်ပါတယ်။                     

ငွေကြယ်

No comments

Powered by Blogger.