မြဝတီမြို့၌ ကျောင်းအပ်နှံရေး လက်ကမ်းစာစောင်များဖြန့်ဝေ
မြဝတီ မေ ၁၇
ကရင်ပြည်နယ် မြဝတီမြို့၌ ၂၀၂၆ -၂၀၂၇
ပညာသင်နှစ်တွင် ကျောင်းနေအရွယ် လူငယ်၊ လူရွယ်များ စာသင်ကြားကြစေရန်နှင့် စာသင်ခန်းတွင်ပျော်ရွှင်စွာဖြင့်
ပညာသင်ကြားကြစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် စုရပ်အလိုက် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
ဖြန့်ဝေ
ထိုသို့ ဖြန့်ဝေရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊
အမှတ်(၃) ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အမှတ်(၄)ရပ်ကွက်ရှိ အောင်မြေ
ရွှေဘုံ အထက်တန်းကျောင်း ပတ်ဝန်းကျင်များရှိ ခရီးသွားလာ မိဘပြည်သူများအား “နိုင်ငံတော်
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံစို့” လက်ကမ်း စာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်း
သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)

No comments