ရေးမြို့နယ်၌ ကျောင်းအပ်နှံနိုင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

 



ရေး မေ ၁၇


၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းနေ အရွယ်ကလေးအားလုံး ရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် နှိုးဆော်ခြင်းကို မေ ၁၆ ရက်က မွန်ပြည်နယ် ရေးမြို့နယ်၌ စတင်ဆောင်ရွက်သည်။


လက်ကမ်းစာစောင်များကို ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူများက ရပ်ကွက်အလိုက် လူစည်ကားရာနေရာများ၊ လမ်းဆုံ/ လမ်းခွများနှင့် မြသီတာစျေးတို့၌ ဖြန့်ဝေပေးသည်။


ထို့အတူ ညပိုင်းတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများသည် မြို့တွင်း လူစည်ကားရာ နေရာများ၊ လမ်းဆုံ/လမ်းခွများ၌ အသံချဲ့စက်ဖြင့် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များတွင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။


ရှင်းသန့်ဖြူ

No comments

Powered by Blogger.