ဗဟန်းမြို့နယ်၌ ဂီတနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာမှုအဆိုပြိုင်ပွဲ ကျင်းပ
ရန်ကုန် မေ ၂၅
မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟန်း)က
စီစဉ်ကျင်းပသော မြန်မာမှုအဆိုပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင်
လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ရန်ကုန်တိုင်းဒေသကြီး)ဥက္ကဋ္ဌ
ဦးလတ်က အမှာစကား ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟန်းမြို့နယ်)ဥက္ကဋ္ဌ
ဦးအောင်ကျော်ထွန်းက မြန်မာမှု အဆိုပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကိုပြောကြားပြီး
မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟန်းမြို့နယ်)အတွင်းရေးမှူး နီလာ(ဓာတု)က မြန်မာမှုအဆိုပြိုင်ပွဲ
အမှတ်ပေးအစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြန်မာမှုအဆိုပြိုင်ပွဲအတွက်
အလှူရှင်များက အလှူငွေများ ပေးအပ်ကြရာ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟန်းမြို့နယ်)ဥက္ကဋ္ဌက
လက်ခံရယူခဲ့ပြီး မြန်မာမှုအဆိုပြိုင်ပွဲဝင်များက မြန်မာမှု တေးသီချင်းများဖြင့် ယှဉ်ပြိုင်သီဆိုကြသည်။
ယင်းနောက် မြန်မာမှုအဆိုပြိုင်ပွဲတွင်
ဆုရရှိသူများအား မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟန်းမြို့နယ်) ဥက္ကဋ္ဌက ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း
သိရသည်။
အောင်မြင့်(ပြန်/ဆက်)

No comments