တာမွေမြို့နယ်၌ ပြန်လည်ထူထောင်ရေး ဆွေးနွေးဟောပြောပွဲကျင်းပ
ရန်ကုန် မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်
မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ယနေ့နံနက်ပိုင်းက
မူးယစ်ဆေးဖြတ်သင်တန်းသားများအား ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောသည်။
ရှင်းလင်းဖြေကြား
အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှဥက္ကဋ္ဌ
ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန
ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်အောင်ဝင်းက အမှာစကားပြောကြားသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)မှ ဦးစီးအရာရှိ ဦးအောင်ကိုကိုက မူးယစ်ဆေးစွဲသူများအား
ပြန်လည်ထူထောင်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို
မေမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
နိုင်လင်းအောင်(တာမွေ)

No comments