နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများအား စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများတွင် စနစ်တကျရင်းနှီးမတည်စီမံဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

 


မြစ်ကြီးနား မေ ၁၂

 

ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတော်က မတည်ပေးထားသည့် ငွေကျပ် ၈ ဘီလီယံအား စနစ်တကျဖြင့် အရှိန်အဟုန်မပျက် လည်ပတ်နိုင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို စဉ်ဆက်မပြတ်လည်ပတ်နိုင်ရေးနှင့် တောင်သူများ စီးပွားဖြစ်ထွန်းစေရေး စနစ်တကျ စီမံဆောင်ရွက်ပေးခြင်းဖြင့် ကဏ္ဍအလိုက်တိုးတက် ဖွံ့ဖြိုးလာအောင် ဆက်လက်ကြိုးစားကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

 

ထို့နောက် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေ များနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာများက ချေးငွေအသစ်ချထားပေးနိုင်ရေးတင်ပြလာသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းများနှင့် ဆီစက်၊ ဆန်စက်များ အဆင့်မြှင့်တင်နိုင်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များနှင့် အကြံပြုချက်များကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.