မြဝတီမြို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ပေးအပ်ပွဲကျင်းပ
မြဝတီ မေ ၁၂
ကရင်ပြည်နယ် မြဝတီမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနရုံးမှ ကြီးမှူး၍ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ကာလအတွင်း ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် Unique Identity(UID) ကတ်များ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက်ရှိ ကိုးနဝင်းဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေးက အမှာစကားပြောကြားပြီး ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်မြင့်က နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ကွင်းဆင်း ဆောင်ရွက်ပေးမှုကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက အမှတ်(၅)ရပ်ကွက်အတွင်းရှိ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသူ ပြည်သူ ၁၂၀ တို့အား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များအား ပြည်သူတို့၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)

No comments