ကော့မှူးမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်း ဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

 


ကော့မှူး မေ ၁၂

 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက် (၁၀၀) စီမံချက်ဖြင့် ကော့မှူးမြို့နယ်ရှိ ပျဉ်းကတိုး-ချောင်းဝလမ်း (၀/၂)မိုင်အား မြေကြီးတာပေါင် ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ လိုက်လံကြည့်ရှုရာတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးသန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဟိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (အင်းစိန်) ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)

No comments

Powered by Blogger.