ထန်းတပင်မြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြော

 


ရန်ကုန် မေ ၂၄

 

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် သစ်တောဦးစီးဌာနမှကြီးမှူး၍ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲကို မေ ၂၁ ရက်က လမုကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ပရွတ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတို့၌ ကျင်းပသည်။ 

 

အသိပညာပေးဟောပြော

အဆိုပါဟောပြောပွဲများတွင် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းက သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံ မျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း၊ သစ်တောများက ပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးတွင် သစ်တောများ၏အရေးပါမှု၊ အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့ လျှော့ချရေးအတွက် Fire Hotspots များ လျော့နည်းကျဆင်းအောင် တောမီးရှို့ခြင်း၊ လယ်ယာများ မီးရှို့ခြင်းများမပြုလုပ်ရန်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆောင်ရွက်နေမှု အခြေအနေများ၊ သစ်တောများ ထိန်းသိမ်းရေးအကြောင်းနှင့် သစ်တောမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)

No comments

Powered by Blogger.