ဥပဒေမူကြမ်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲနှင့် ဥပဒေရေးရာအဖြာဖြာနှင့် လွှတ်တော် ဟောပြောပွဲပိတ်ပွဲကျင်းပ

 


ရန်ကုန် မေ ၁၄

 

ဥပဒေမူကြမ်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲနှင့် ဥပဒေရေးရာအဖြာဖြာနှင့် လွှတ်တော် ဟောပြောပွဲ ပိတ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး ပုလဲခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ဟောပြောဆွေးနွေးကြသည့် ဆရာကြီး ဆရာမကြီးများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ဒုတိယဥက္ကဋ္ဌတို့က ဟောပြောဆွေးနွေးကြသည့် ဆရာကြီး ဆရာမကြီးများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်များပေးအပ်ပြီး ဆွေးနွေးပွဲတက်ရောက်ကြသည့် လွှတ်တော်ကိုယ်စားလှယ်များအား အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ကြသည်။

 

သတင်းစဉ်

No comments

Powered by Blogger.