ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် သင်တန်းများ ဖွင့်လှစ် သင်ကြားနေမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြား
နေပြည်တော် မေ ၈
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ
ဦးတင်မောင်ဝင်းသည် ယမန်နေ့က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)
ပင်မရုံးအစည်းအဝေးခန်းမ၌ တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ တက္ကသိုလ်သို့ နိုင်ငံတော်အကြီးအကဲရောက်ရှိစဉ် လမ်းညွှန်မှာကြားခဲ့သော
နိုင်ငံ့ဝန်ထမ်းများ ရာထူးအဆင့်အလိုက် သင်တန်းတက်ရောက်နိုင်ရေး၊ ဝန်ထမ်းများ
စိတ်ဓာတ်စည်းကမ်း ကောင်းမွန်စေရေး၊ ရုံးလုပ်ငန်းများ စနစ်တကျ တစ်ပြေးညီ ဆောင်ရွက်တတ်စေရေး၊ မျိုးချစ်စိတ်နှင့် သစ္စာရှိမှုမြင့်မားလာစေရေး၊ လေ့ကျင့်ရေး အစီအမံများ၊ တိုးချဲ့ပြင်ဆင်သင်ကြားမှုများ နှင့်စပ်လျဉ်း၍
ဆွေးနွေးမှာကြားသည်။
ထို့နောက်
တက္ကသိုလ်၌ ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများ ပို့ချနေမှု၊ တက္ကသိုလ် ဆေးရုံတက္ကသိုလ် စာကြည့်တိုက်၊
ပစ္စည်းဂိုဒေါင်နှင့် သင်တန်းရိက္ခာ ဆန်နှင့် ဆီဂိုဒေါင်များ၊ သင်တန်းအိပ်ဆောင်အတွင်း
ခင်းကျင်းထားရှိမှုနှင့် သင်တန်းစားရိပ်သာများတွင် နေ့လယ်စာချက်ပြုတ်ပြင်ဆင်နေမှုတို့ကို
လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments