အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ကားတစ်စီး ချောက်အတွင်းသို့ ပြုတ်ကျမှုကြောင့် ခြောက်ဦး သေဆုံး
မေ
၁၁
အိန္ဒိယနိုင်ငံမြောက်ပိုင်း
တောင်ကုန်းထူထပ်သော ဟီမာချယ် ပရာဒေ့ရှ်ပြည်နယ်တွင် ကားတစ်စီး ချောက်အတွင်းသို့ ပြုတ်ကျမှုကြောင့်
ခြောက်ဦးထက်မနည်းသေဆုံးပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သူ လေးဦးရှိကြောင်း ဒေသခံရဲတပ်ဖွဲ့က
ပြောကြားခဲ့သည်။
အဆိုပါမတော်တဆမှုသည်
ဟီမာချယ် ပရာဒေ့ရှ်ပြည်နယ် ချမ်ဘာဒေသတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
သေဆုံးသူအားလုံးသည်
အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်မှ ယင်းပြည်နယ်သို့ အားလပ်ရက်ခရီးထွက်ရန် ရောက်ရှိနေသူများဖြစ်ကြောင်း
ဖော်ပြထားသည်။
ထိခိုက်ဒဏ်ရာရရှိသူများ၏
အခြေအနေ စိုးရိမ်ဖွယ်ရာမရှိကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments