ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကလောပြည်သူ့ဆေးရုံ သုံးထပ်တိုးချဲ့လူနာဆောင် ဆောက်လုပ်မည့်နေရာ ကြည့်ရှုစစ်ဆေး

 




ကလော မေ ၂၄


ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များသည် ယမန်နေ့က ကလောမြို့ ပြည်သူ့ဆေးရုံ၌ ခွဲစိတ်ခန်းပါ သုံးထပ်တိုးချဲ့လူနာဆောင် ဆောက်လုပ်မည့်နေရာကို ကြည့်ရှု စစ်ဆေးပြီး ကလောပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ပြည်သူများအား စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။


ထို့နောက် အောင်ပန်းမြို့ သာမိုင်းခမ်း ကျေးရွာအုပ်စု ကုန်းလွင်ကျေးရွာရှိ ရှမ်းထိပ်တန်း တန် ၇၀၀ အာလူးအအေးခန်း ဖွင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားပြီး အာလူးအအေးခန်းကို ဖွင့်လှစ်ပေးသည်။


ယင်းနောက် အောင်ပန်းမြို့ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေသသုတေသန ဗဟိုဌာန (အောင်ပန်း)၌ အထွက်ကောင်းမျိုးများ ပြသထားမှု၊ ရောဂါပိုးမွှား ကင်းစင်သော မျိုးအာလူးထုတ်လုပ် ပုံအဆင့်ဆင့်နှင့် ဒေသသုတေသန ဗဟိုဌာန(အောင်ပန်း)ရှိ သုတေသန ဓာတ်ခွဲခန်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး)

No comments

Powered by Blogger.