ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၆) သင်တန်းဖွင့်ပွဲ ကျင်းပ
နေပြည်တော် မေ ၄
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို
အကျိုးရှိစွာ အသုံးချတတ်ပြီး လူငယ်များ ကွန်ပျူတာ ဘာသာရပ်ဆိုင်ရာများ၊ ခေတ်မီနည်းပညာများ
သိရှိနားလည်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ
တပ်မတော်သား မိသားစုဝင် ကျောင်းသားကျောင်းသူများအတွက် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၆)
သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အနော်ရထာခန်းမ၌ ပြုလုပ်ရာ
တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊
သင်တန်းနည်းပြ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသည့် သင်တန်းသားသင်တန်းသူများနှင့်
ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။
အဆိုပါ ကွန်ပျူတာ အခြေခံသင်တန်းကို တိုင်းစစ်ဌာနချုပ်နှင့်
ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ များမှ သင်တန်းသား သင်တန်းသူ ၃၂၂ ဦးဖြင့် မေ ၂၂ ရက်အထိ
ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments