လက်ရှိချန်ပီယံပီအက်စ်ဂျီအသင်း ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်လှမ်း
ရန်ကုန် မေ
၇
လက်ရှိ ချန်ပီယံလိဂ်ချန်ပီယံ
ပီအက်စ်ဂျီအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို
အနိုင်ရပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ် မှာ ပီအက်စ်ဂျီအသင်းက ငါးဂိုး-လေးဂိုးနဲ့ အနိုင်ရထားပြီး မေ ၇ ရက် နံနက်ပိုင်းက ယှဉ်ပြိုင် ကစားခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေရလဒ်
ထွက်ပေါ်ခဲ့လို့ နှစ်ကျော့ပေါင်း ရလဒ် ခြောက်ဂိုး-ငါးဂိုးဖြင့် အနိုင်ရကာ ဗိုလ်လုပွဲတက်ခဲ့တာဖြစ်ပါတယ်။
ဒီနှစ်သင်းရဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်မှာ
ဘိုင်ယန်မြူးနစ်အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို ဟယ်ရီကိန်းက သွင်းယူပေးခဲ့ပြီး ပီအက်စ်ဂျီအသင်းအတွက်
သွင်းဂိုးတစ်ဂိုးကိုတော့ ဒမ်ဘီလီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်အဖြစ်
ပရီမီယာလိဂ် အမှတ်ပေးဇယားမှာ ထိပ်ဆုံးကဦးဆောင်နေတဲ့ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး
ဗိုလ်လုပွဲကို မေ ၃၀ ရက်မှာ ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့၌ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ငွေကြယ်

No comments