မြောင်းမြမြို့နယ်၌ သက်တန့်ရောင်စီမံကိန်းဖြင့် မိုးစပါးဧက ၅၀ စိုက်ပျိုးမည်

 


မြောင်းမြ မေ ၃

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ကြာဖူးငုံလက်ပံကျေးရွာ၌ ကုမုဒြာ စိုက်/ထွေသမဝါယမအသင်းမှတောင်သူများက လူမှုစီးပွား မြှင့်တင်ရေး (သက်တန့်ရောင်) စီမံကိန်းဖြင့် မိုးစပါးဧက ၅၀ စိုက်ပျိုးမည်ဖြစ်သည်။

 

သမဝါယမအသင်းသား တောင်သူများအား ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းက ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

 

အဆိုပါ အသင်းသားများ၏ စိုက်ပျိုးဧက ၅၀ အတွက် တစ်ဧက လျှင်ငွေကျပ် သုည ဒသမ ၂၈၈ သန်းနှုန်းဖြင့် ၁၄ ဒသမ ၄ သန်း တန်ဖိုးရှိ မျိုးနှင့် သွင်းအားစုများအား မိုးစပါးစိုက်ပျိုးချိန်အမီ ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စန္ဒာ(မြောင်းမြ)

No comments

Powered by Blogger.