တိုက်ကြီးမြို့နယ်၌ စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် သဘာဝဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနား ကျင်းပ
ရန်ကုန် မေ ၁၄
၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေနှင့်
သဘာဝဓာတ်မြေဩဇာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိုးရာသီစိုက်ပျိုးစရိတ်
ချေးငွေပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
တိုင်းဒေသကြီး မန်နေဂျာက စိုက်ပျိုးစရိတ်ချေးငွေနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန်
လိုအပ်သည့်အချက်များကို လည်းကောင်း၊ မြန်မာ့အာမခံလုပ်ငန်း သီးနှံအာမခံဌာန ဒုတိယအထွေထွေမန်နေဂျာက
သီးနှံအာမခံထားရှိရေးဆိုင်ရာ အသိပညာများကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် တာဝန်ရှိသူများက ၂၀၂၆ ခုနှစ်
မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများနှင့် သဘာဝဓာတ်မြေဩဇာများကို တောင်သူများထံ ပေးအပ်ကြရာ
တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)

No comments