ရန်ကုန်တောင်ပိုင်းခရိုင် GEC လုပ်ငန်းညှိနှိုင်းစည်းဝေး
ရန်ကုန် မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ
ရန်ကုန်တောင်ပိုင်းခရိုင် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ချီးမြှင့်ပွဲကို ယမန်နေ့က ကျင်းပသည်။
အစည်းအဝေးတွင် ရန်ကုန်တောင်ပိုင်းခရိုင်
အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ သဘာပတိ ဦးတင့်ဝေဦးက
အမှာစကားပြောကြားပြီး အထက်တန်းအဆင့် သုံးဦး၊
အလယ်တန်းအဆင့် တစ်ဦး၊ မူလတန်းအဆင့် သုံးဦးတို့အား ပညာသင်ထောက်ပံ့ကြေးနှင့် ဗလာစာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ကျော်မိုး

No comments