အနာဂတ်ပညာရေးလမ်းစကောင်းများ ဖော်ဆောင်နိုင်ရေး ICT နည်းပညာဆွေးနွေးပွဲ ကျင်းပ

 


ပြည် မေ ၁၇

 

ကလေးငယ်များ မူလတန်းကြိုအရွယ်မှစ၍ တက္ကသိုလ်ပညာရေးအထိ ပညာသင်ကြားရေးကဏ္ဍတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အနာဂတ်ပညာရေး လမ်းစကောင်းများ ဖော်ဆောင်နိုင်ရေး အသိပညာပေး ICT နည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်မြို့ ဂင်္ဂါဝတီခန်းမ၌ ကျင်းပသည်။

 

ရှင်းလင်းဆွေးနွေး

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးရဲမြင့်အောင်က လူသားတစ်ဦး၏ အသိပညာ၊ ကျွမ်းကျင်မှုနှင့် ကုန်ထုတ်စွမ်းအားတိုးတက်စေရန် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ (ICT)သည် အရေးကြီးသော အဓိကအခန်းကဏ္ဍတွင် ပါဝင်ကြောင်းနှင့် အနာဂတ် ပညာရေး လမ်းကြောင်းအတွက် ICT သည် မရှိမဖြစ်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။

 

ဆက်လက်ပြီး PACE Learning Centre မှ Founder ဒေါ်ဝေဝေစိုးက ကျောင်းနေအရွယ်ပညာရေး ကဏ္ဍတွင် အသိပညာ ဗဟုသုတ ရှာဖွေရာ လမ်းကြောင်းဖြစ်သော ICT ဘာသာရပ်ကို အလွယ်တကူ ချိတ်ဆက်သင်ကြားနိုင်ရေး နည်းလမ်းကောင်းများနှင့် ICT ကို လုပ်ငန်းခွင်ဝင်သည်အထိ အကျိုးရှိထိရောက်စွာ အသုံးချပုံများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.