M-15 တူးဖော်ရေးစီမံကိန်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး
ထားဝယ် မေ ၂၉
တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကိုသည် CFG Energy Pte., Ltd. ၏ ဥက္ကဋ္ဌ Mr. Shen Song Ning နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် ထားဝယ်မြို့ တိုင်းဒေသကြီး လွှတ်တော်ရုံး၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် CFG Energy Pte., Ltd. ဥက္ကဋ္ဌနှင့်အဖွဲ့က M-15 ကမ်းလွန်လုပ်ကွက်၊ လွန်တူးဖော် ရေးနှင့်ပတ်သက်၍ ဆောင်ရွက် ထားရှိမှု၊ နှစ်ကုန်ပိုင်းတွင် စတင် အကောင်အထည်ဖော်မည့် တူးဖော် ရေးလုပ်ငန်းများ၊ EIA/SIA ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြကြသည်။
တင်ပြမှုများအပေါ် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီးအနေဖြင့် လုပ်ငန်းဆောင်ရွက် မည့် နယ်မြေဒေသများရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံများနှင့် ညှိနှိုင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments