မကွေးတိုင်းဒေသကြီးကိုယ်စားပြု U-18 အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကျင်းပ




မကွေး မေ ၁၅

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မကွေးတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မကွေးမြို့မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပြိုင်ပွဲဝင် အားကစား သမားများနှင့် အုပ်ချုပ်သူနည်းပြများ တက်ရောက်ကြသည်။


ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်သည့် အားကစားသမား ကောင်းများဖြစ်စေရေး အားကစား စိတ်ဓာတ်အပြည့်ဖြင့် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ကြရန် အမှာ စကားပြောကြားပြီး တိုင်းဒေသကြီးကိုယ်စားပြု U-18 အမျိုးသား ဘောလုံးအသင်း အုပ်ချုပ်သူထံ အောင်နိုင်ရေးအလံကို လွှဲပြောင်း ပေးအပ်ကာ အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ အတွက် ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)

No comments

Powered by Blogger.