ညောင်ဦးမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်
ညောင်ဦး မေ ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌
နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းနှင့်
Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြေနဲလေးကျေးရွာတွင်
ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးမြင့်ခိုင်၊
မြို့နယ်ဦးစီးမှူး ဦးစောဝဏ္ဏတို့၏
ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများက အသက် ၁၀ နှစ်အထက် ရပ်ကွက်နေပြည်သူများအား
ဆောင်ရွက်ပေးသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးမြင့်ဦး၊ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်
တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
ဆောင်ရွက်ပေး
နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့်
နိုင်ငံသားစိစစ်ရေးကတ်နှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းများကို သက်ဆိုင်ရာ
ရပ်ကွက်/ ကျေးရွာများအလိုက် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း

No comments